လူ့ဘ၀ရဲ့တတိယအရွယ်ကို ရောက်လာပြီ ဖြစ်တယ်။ ဘ၀တစ်လျှောက်လုံး တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေ၊

မှတ်သားခဲ့ရတာလေးတွေကို ပြောပြခဲ့ချင်တဲ့ ဆန္ဒဖြစ်ပေါ်မိပါတယ်။ စာအရေးအသားမကျွမ်းကျင်တာရယ်၊ ရေး

လေ့ မရှိတာရယ်ကြောင့် အပုဒ်တိုလေးတွေအနေနဲ့ ရေးထားပါတယ်။ ဒိုင်ယာရီသဘောမျိုးလေး ဖြစ်နေမယ်လို့

ထင် ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

Thursday, August 13, 2009

ပြဿနာတစ်ခုကို ဘယ်လိုများဖြေရှင်းကြမလဲ

အဆင်မပြေတာတွေ စိတ်တိုင်းမကျတာတွေဆိုတာ လူတိုင်းမှာကြုံတွေ့ရတတ်တာမျိုးပါနော်။ ငယ်တဲ့အချိန်တုန်းကတော့ စိတ်ညစ်စရာတွေကြုံလာရင် အရက် သောက်ဖြစ်ကြတယ်လေ။ အသက်ကြီးလာတော့ ဒါမျိုးတွေတော့ မဖြစ်တော့ဘူးပေါ့နော်။ ဖြေရှင်းတဲ့နည်းလမ်းလေးတွေသိလာလို့လည်း ဖြစ်မယ် ထင်တယ်။ ဒါကြောင့် ပြဿနာတခုခုကြုံတွေ့လာခဲ့ရင် ဘယ်လိုဖြေရှင်းသင့်တယ်ဆိုတဲ့ နည်းလမ်းလေးကို လက်ဆင့်ကမ်းပေးချင်လိုပါ။

ငယ်တဲ့အချိန်တုန်းကတော့ ပြဿနာတစ်ခုကို မဖြေရှင်းနိုင်လောက်တော့ဘူး သို့တည်းမဟုတ် မဖြေရှင်းနိုင်တော့ဘူးလို့ထင်ရင်
၁။ ဒေါသဖြစ်ပြီး စိတ်လိုက်မာန်ပါ ဖြေရှင်းတတ်တယ်။
၂။ စိတ်မကောင်း ၀မ်းနည်းနေမယ်၊ စိတ်ဓါတ်တွေကျပြီး ထင်ရာလျှောက်လုပ်တတ်တယ်။
၃။ အခြားတစ်ယောက်ယောက်ကိုအပြစ်တင်မယ်၊ တရားခံရှာမယ် ဒီလိုလည်းလုပ်တတ်တယ်။
၎။ ဒီပြဿနာကိုတစ်နည်းနည်းနဲ့ ခဏဖြစ်ဖြစ်မျက်နှာလွှဲနေလိုက်မယ်။ ဆိုလိုတာက မူးယစ်ဆေးဝါးသုံးမယ်၊ အရက်သောက်မယ် ဒါမှမဟုတ် အခြား အပျော်အပါးတစ်ခုခုနဲ့ စားထိုးလိုက်မယ်ပေါ့။ ဒီနည်းတွေကိုသာ ကျင့်သုံးမိမယ်ဆိုရင် ပြဿနာကို ဖြေရှင်းတာမဟုတ်ဘဲ။ ပြဿနာကို ပိုကြီးလာစေတော့ တာပါပဲ။ နောက်ဆုံးတော့မရှင်းနိုင်တဲ့ အခြေအနေတစ်ခုကိုရောက်သွားတတ်တယ်။

ပြဿနာတစ်ခုကိုအကောင်းဆုံးဖြေရှင်းချင်တယ်ဆိုရင်
၁။ ပြဿနာရဲ့ဇစ်မြစ်ကို ခေါင်းအေးအေးနဲ့ရှာပါ။
၂။ ပြဿနာနဲ့ဇစ်မြစ်ကို သိလာရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာ ခေါင်းအေးအေးထားပြီးစဉ်းစားပါ။ ဒီလိုစဉ်းစားတဲ့ နေရာမှာ မိတ်ဆွေ ကောင်းများ၊ အသိပညာမြင့်သူများ၊ အတွေ့အကြုံရှိသူများကိုလည်း တိုင်ပင်နိုင်ပါတယ်။ သို့သော် သူတို့ ပြောတဲ့အတိုင်းတော့ချက်ချင်မလုပ်မိပါစေနဲ့။ သူရဲ့အခြေအနေနဲ့ ကိုယ့်ရဲ့အခြေအနေ တထပ်တည်းမတူနိုင်လို့ပါ။
၃။ နည်းလမ်းတွေ့ရင် ဖြေးဖြေးချင်းစရှင်းပါ။ တုန့်ပြန်မှုကို တွေ့လာမှာပါ။ တုန့်ပြန်မှုပေါ်မူတည်ပြီး ဖြေရှင်းတဲ့နည်းလမ်းကို ပြောင်းသင့်ရင် ပြောင်းရပါလိမ့် မယ်။
ဒီလိုလေး ဖြေရှင်းရင်တော့ ပြဿနာဆိုတာ ချက်ချင်းကြီးမပြေလည်ရင်တောင် တိုးမလာတော့ဘူး။ တဖြေးဖြေး လျှော့သွားမှာပါ။

No comments:

Post a Comment

Myanmar Standard Time

free counters