လူငယ်တွေနဲ့စကားပြောဖြစ်တဲ့အခါ သိလိုက်ရတာကတော့ သူတို့တွေနဲ့ သူတို့မိဘတွေကြားမှာ နားလည်မှုလေးတွေနည်းနည်းလွဲနေလေ့ရှိတယ်ဆိုတာကိုပါ။
မိဘဆိုတာက ကိုယ့်သားသမီးတွေကို အကောင်းဆုံးတွေဘဲဖြစ်စေချင်ကြတာပါ။ ပစ္စည်းဥစ္စာချမ်းသာပြည့်စုံတဲ့လူတွေ၊ ပညာတတ်ကြီးတွေဖြစ်စေချင်ကြတာပါ။ ဒါပေမဲ့ တခါတလေမှာ ကိုယ်ဖြစ်စေချင်တဲ့ပုံစံကလေးမဖြစ်လာရင်တော့ ဆူပူကြိမ်းမောင်းတတ်တဲ့မိဘတွေရှိသလို၊ စိတ်မကောင်းဖြစ်နေတတ်တဲ့ မိဘတွေလည်း ရှိပါတယ်။ တခါတလေ ကိုယ်မှားခဲ့တဲ့ အဖြစ်မျိုး ကိုယ့်သားသမီးတွေမှားမှာစိုးလို့ ပြောတဲ့အခါ သားသမီးကလည်း ငါ့မိဘကလည်းစိတ်ပူတတ်တယ်လို့ ထင်မိကြ မှာပါ။ မိဘအနေနဲ့လည်း ငါမှားဖူးလို့ မင်းတို့မမှားရအောင်ပြောတယ်လို့ ပြောရအောင်လည်း ဂွတော့အကျသား။
သားသမီးတွေကို သိစေချင်တာကတော့
မိဘ ပြောဆို ဆုံးမ တာတွေဟာ များသောအားဖြင့် သားသမီးတွေအတွက်ပါ။ မိဘတွေ တွေးခေါ်တာတွေ ခေတ်နောက်ကျနေတယ်ထားအုန်းတော့၊ အခြေအနေ အရပ်ရပ်ကြောင့် မလုပ်ဆောင်နိုင်ဘူးဆိုရင်တောင် မိမိတို့အပေါ်ကောင်းစေချင်လွန်းတဲ့ မိဘတွေရဲ့စိတ်စေတနာလေးကို အသိအမှတ်ပြုပြီး တလေးတစားနဲ့ ပြန် ဆွေးနွေးသင့်ပါတယ်နော်။ လူ့ဘ၀ရဲ့ ပထမဆုံးသော ခြေလှမ်းဟာ မိဘနဲ့အတူစခဲ့ရတာပါ။ ပထမဆုံးအဟာရဖြစ်တဲ့ နို့ကို အမေထံက ရတာပါ။ လူလောကထဲကို မရောက်ခင်ကတည်းက ကောင်းစေချင်တဲ့ စိတ်စေတနာတွေအပြည့်ရှိနေတဲ့သူတွေဟာ မိဘပါ။ ရီမောနေတဲ့ သားသမီးတွေကို ကြည့်ပြီး အတိုင်းမသိကျေနပ်နေ တာ မိဘတွေပါ။ သားသမီးတွေနေထိုင်မကောင်းဖြစ်နေခဲ့ရင် ဒီဝေဒနာကို ငါသာအစားခံလို့ရရင် ခံလိုက်ချင်ဆိုတဲ့ ဆန္ဒမျိုးရှိတာ မိဘတွေပါ။ ပြောရရင်တော့အ များကြီးပေါ့နော်။ ဒါလေးတွေကို သဘောပေါက်ရင်တော့ မိဘတွေကို နားလည်တတ်၊ ဂရုစိုက်တတ်၊ မြတ်နိုးတန်ဖိုးထားတတ်လာမှာပါ။ မိဘကို ဂရုစိုက်တဲ့ သားသမီးတွေဟာ များသောအားဖြင့် ဘ၀ဇာတ်ခုံပေါ်မှာ အဆင်ပြေတတ်ပါတယ်။ မိဘပြောတိုင်းမှန်တယ်လို့တော့ မပြောလိုပါဘူး။ မှားတဲ့အခါလည်း ရှိမှာပေါ့ နော်။ ဒီလိုမှားနေတတ်တဲ့အခါမျိုးမှာ စိတ်ရှည်လက်ရှည်နဲ့ အချိန်ယူပြီးရှင်းပြကြစေချင်ပါတယ်နော်။ မိဘတွေ အသက်ရှိတဲ့အချိန်ကလေးမှာ တတ်နိုင်သလောက် အချိန်နည်းနည်းလေးဘဲရသည်ဖြစ်စေ အချိန်ပေးကြပါနော်။ မိဘဆိုတာ အသက်ကြီးလာရင် သားသမီးတွေနဲ့ သိပ်စကားပြောချင်ကြတယ်လေ။ ကြားဖူးတာတစ် ခု ရှိတယ် မိဘကို ချစ်ရင်တဲ့ ကိုယ့်အတွက် မိဘတွေ စိတ်မပူစေနဲ့တဲ့။ ဒီစကားလေးကောင်းတယ်နော်။
ကျွန်တော်တို့မိဘတွေလည်း သိသင့်တာတွေရှိတာပေါ့နော်။
ပန်းပင်ကလေးတစ်ပင်စိုက်သလိုပေါ့နော်။ ကိုယ်စိုက်တဲ့အပင်ကိုတော့ လန်းဆန်းပြီး အပွင့်တွေဝေနေချင်တာပေါ့။ ဒီလိုဖြစ်ဖို့က ကိုယ်စိုက်လိုက်တဲ့အပင်ရဲ့အနေ အထား သဘောသဘာဝကိုတော့ အရင်နည်းလည်ရမှာပေါ့လေ။ နေရောင်ကြိုက်လား မနက်နေရောင်ကလေးကိုသာကြိုက်တာလား ရေများတာကြိုက်လား ရေ ငွေ့လောက်ကိုသာ ကြိုက်သလားစသဖြင့်ပေါ့။ သားသမီးကိုဘယ်လောက်ဘဲကောင်းစေချင်ချင် ပုံစံခွက်ထဲကိုထည့်ပြီး ပုံသွင်းသလိုတော့ မဖြစ်သင့်ဘူးလေ။ သူ တို့လေးတွေရဲ့ အနေအထားကိုလေ့လာပြီး အကောင်းဆုံးကလေးဖြစ်အောင်သာ လုပ်ပေးသင့်တာပါ။ ဆန္ဒလွန်တာတို့ ဆန္ဒစောတာတို့ မဖြစ်အောင်လည်း ဂရု စိုက်သင့်ပါတယ်။
တချို့မိဘတွေကြတော့လည်း သားသမီးကို အရမ်းအလိုလိုက်ကြတတ်တာ၊ သားသမီးပြောသမျှအားလုံးအမှန်ထင်နေကြတတ်တာ။ တချို့မိဘတွေကြတော့ လည်း စိုးရိမ်စိတ်နဲ့ သားသမီးအပေါ် အမြဲတမ်း သံသယဖြစ်နေတတ်တာ။ အစွန်းမရောက်ဖို့တော့ လိုတယ်နော်။
ဥယျာဉ်မှူးတစ်ယောက်ရဲ့တာဝန်လိုပေါ့။ စိတ် အလွန်ရှည်ရပါတယ်။ လိုအပ်တာကို တတ်နိုင်သလောက်ဖြည့်ပေးရပါတယ်။ အလွန်လည်း ဂရုစိုက်ရပါတယ်။ အရိပ်တတကြည့်ကြည့်နေတာမျိုးပေါ့လေ။ ကိုယ့်အပင်က ပန်းကလေး သူများက တန်ဖိုးထားကိုလည်း လိုချင်ကြပါတယ်။ ဒီပန်းကလေးတွေကို ယူသွားတဲ့လူ တွေကိုလည်း ဒီပန်းကလေးတွေကို ကိုယ့်လို ဂရုစိုက်တာမျိုးဖြစ်ချင်တာပေါ့နော်။
သားသမီးတွေအသက်ကြီးလာတဲ့အခါ သူတို့တတွေကလည်း တာဝန်တွေကိုယ်စီနဲ့မို့ ကိုယ့်ကို ဂရုမစိုက်မိတဲ့အခါလည်း ရှိမှာပါနော်။ ဒီအချိန်ရောက်ရင်လည်း ကိုယ့်ကိုကိုယ် အပြုစုလွယ်တဲ့လူဖြစ်အောင် ကျင့်ထားသင့်တယ်နော်။ သူတို့ကိုချစ်ရင် ကိုယ့်အတွက် ၀န်ထုပ်ဝန်ပိုးမဖြစ်အောင် ဂရုစိုက်ရမှာနော်။
အရေးကြီးတာကတော့ တစ်ဦးနှင့်တစ်ဦးကြား မေတ္တာဓါတ်ကလေးတွေပွါးနေကြမယ်ဆိုရင်တော့ အရှည်သဖြင့် အမြင်တွေလည်းကြည်လင်လာမယ်။ တစ်ဦးနဲ့ တစ်ဦးလည်း ခွင့်လွတ်တတ်လာမှာပါနော်။
မိဘနှင့် သားသမီးများ တစ်ဦးနှင့်တစ်ဦး နားလည်ပြီး ချစ်ခင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတွေပို့သပါတယ်။

No comments:
Post a Comment