လူတစ်ယောက်အတွက် ဘ၀မှာအောင်မြင်မှုတွေရရှိရန်အတွက် မိမိကိုယ်ကိုယုံကြည်ခြင်းဆိုတာ မရှိမဖြစ်လိုတာပါ။ မိမိကိုယ်ကိုမိမိ မယုံကြည်လျှင် အခြားသူတွေမိမိအပေါ် မယုံကြည်တာ မဆန်းပါဘူး။ မိမိကိုယ်ကို ယုံကြည်မှုမရှိဘဲ အလုပ်တစ်ခုကို လုပ်မယ်ဆိုရင် စတင်လိုက်ကတည်းက မအောင်မြင် ဖို့ အခွင့်အလမ်းများသွားပြီးဆိုတာ သေချာနေပါပြီ။ ဒါကြောင့် ဘာဘဲလုပ်လုပ် ယုံကြည်မှုအပြည့်ထားသင့်တယ်။
လူတစ်ယောက်အတွက် ဘ၀မှာ ဆုံးရှုံးမှုဖြစ်စေတဲ့ အကြောင်းတစ်ခုကတော့ စိတ်ကြီးဝင်တာပါဘဲ။ စိတ်ကြီးဝင်လာပြီဆိုရင် မိမိကိုယ်ကို အရမ်းအထင်ကြီး လာတတ်သလို တဖက်ကလည်း အခြားသူတွေကို အထင်သေးလာတတ်တယ်။ ဘယ်သူကိုမှလည်း အလေးမထားချင်တော့ဘူး။ သူမှန်မယ်ထင်တာ လုပ် တော့တာပါဘဲ။ လူတွေကလည်း စိတ်ကြီးဝင်နေတဲ့သူတွေကို သိပ်မပေါင်းချင်ကြဘူး။ ကြာတော့ အထီးကျန်ဖြစ်လာနိုင်တယ်လေ။
ဒါကြောင့် အောင်မြင်တဲ့ဘ၀တစ်ခုကိုတည်ဆောက်ဖို့ မိမိကိုယ်ကိုမိမိ ယုံကြည်မှုလည်းရှိရမယ်။ ယုံကြည်မှုလွန်ကဲသွားရင်လည်း စိတ်ကြီးဝင်သွားရင် ခက် မယ်နော်။ အလယ်အလတ်ပေါ့။ ဟန်ချက်ညီညီလေးနဲ့ ဘ၀ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ကြပါစေ။

No comments:
Post a Comment